View this page in: Español, Français, English, العربية, 中文

IBJ ၏ ရာဇဝတ်တရားစီရင်ရေးမျှတမှုကို လက်လှမ်းမီ‌ရေးနှင့် COVID-19 ကူးစက်မြန်အဆုတ်‌ရောင်ရောဂါ ဖြစ်ပွားမှုအပေါ် နိုင်ငံများ၏ တုံ့ပြန်မှုများနှင့် စပ်လျဥ်းသည့် ကြေညာချက်

COVID-19 ကပ်ရောဂါသည် နိုင်ငံတစ်နိုင်ငံချင်းသာမက ကမ္ဘာလုံးဆိုင်ရာ ရေရှည်တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သော ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော် တွင် ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ရာဇဝတ်ကြောင်းအရ စွပ်စွဲခံရသူများ၏ အခွင့်အရေးများအတွက် လှုံ့ဆော်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် International Bridges to Justice (IBJ) သည် တစ်ကမ္ဘာလုံးနှင့်အတူ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက် နေပါသည်။

ကုလသမဂ္ဂနှင့် ၎င်း၏ အထူးကိုယ်စားလှယ်အဖွဲ့များဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နှင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့မှ ထုတ်ပြန်ထားသော COVID-19 ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ကျွန်ုပ်တို့ IBJ က အလေးအနက် ထောက်ခံပါသည်။

ရဲလုပ်ငန်းများ၊ နယ်စပ်ဒေသထိန်းချုပ်မှုလုပ်ငန်းများ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် COVID-19 ရောဂါ ကူးစက်ခံရနိုင်ဖွယ်ရှိသူများအတွက် သီးခြားနေထိုင်ရန် လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်ပတ်သက် သည့် အဓိကအကြံပြုချက်များကို နိုင်ငံအသီးသီးရှိအစိုးရများက လိုက်နာကျင့်သုံးကြရန် အဆိုပါအဖွဲ့အစည်း များက တိုက်တွန်းထားပါသည်။ ထို့အပြင် အကျဥ်းထောင်များနှင့် အချုပ်ထောင်များတွင် လူဦးရေများပြား ခြင်းကို လျှော့ချရန်နှင့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက် ရန်ကိုလည်း အစိုးရများအား အကြံပြုထားပါသည်။ အဆိုပါအကြံပြုချက်များသည် IBJ ၏ လက်တွေ့ လုပ်ငန်းစဥ်များနှင့် ကိုက်ညီမှုရှိပါသည်။ IBJ သည် ၎င်း၏ အနှစ် ၂၀ ကျော် အတွေ့အကြုံများနှင့်ကျွမ်းကျင်မှု များကို အသုံးပြုပြီး အကူအညီပေးရန် အသင့်ရှိနေပါသည်။

COVID-19 ကပ်ရောဂါ ပြန့်ပွားမှုကို လျှော့ချရန် ရည်ရွယ်သော အမျိုးသားအဆင့်လုပ်ငန်းဆောင်ရွက်ချက် များသည် နိုင်ငံတစ်နိုင်ငံ၏မူလတာဝန်ဖြစ်သည့် လူ့အခွင့်အရေးကိုလေးစားကာကွယ်ပေးရန်တာဝန်ကို ပျက်ကွက်စေသည့် တရားဝင်အကြောင်းပြချက် မဖြစ်သင့်ပါ။ IBJ အနေဖြင့် နိုင်ငံအသီးသီးရှိ ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝန်းရှိ Justice Makers Fellow များနှင့်အတူ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် စပ်ဆိုင်နေသော နိုင်ငံတကာအကြံပြုချက်များနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကူအညီပေးရန် အသင့်ရှိနေပါသည်။ ထိုအကြံပြုလမ်းညွှန်ချက် များတွင် ပါဝင်သည်မှာ – 

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များ – အကျဥ်းထောင်များနှင့် အခြားထိန်းသိမ်းချုပ်နှောင်ရာ နေရာများတွင် COVID-19 ရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များသည် ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရသော နိုင်ငံများမှ လိုက်နာရန် နိုင်ငံတကာ သဘောတူညီချက်များကို ကိုယ်စားပြုသည်။
  • ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ အစိုးရများအား အကြံပြုထားသည်မှာ “အဝင်အထွက်ပိတ်ပင်ခြင်း၊ အသွားအလာကန့်သတ်ခြင်းနှင့် COVID-19 ပြန့်ပွားခြင်းကို ထိန်းချုပ်ရန်နှင့် တိုက်ဖျက်ရန် အခြားသော အလားတူ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အတွက် ကြိုတင်တွက်ချက်ထားပြီး လိုအပ်သလို အချိုးမျှတစွာ ဆောင်ရွက်ကြရန်” ဟူ၍ ဖြစ်ပါသည်။
  • ကုလသမဂ္ဂ၏ ညှင်းပန်းနှိပ်စက်မှုတားဆီးကာကွယ်ရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်နိုင်ငံများနှင့် coronavirusကပ်ရောဂါတားဆီးကာကွယ်ရေး အမျိုးသားအဆင့်ယန္တရားများအတွက်အကြံပြုချက် တွင် ဖော်ပြထားသည်မှာ – “နိုင်ငံ့တာဝန်ရှိသူများသည် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက်  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိန်းသိမ်းချုပ်နှောင်ခံထားရသူများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အကျဥ်းထောင် နှင့် ကျန်းမာရေးဝန်ထမ်းများ၏ အခွင့်အရေးများကို အပြည့်အဝ ထည့်သွင်းစဥ်းစား ရမည်” ဟူ၍ ဖြစ်ပါသည်။
  • ကုလသမဂ္ဂ၏ အကျဥ်းသားများအပေါ် ပြုမူဆက်ဆံရာတွင် အနည်းဆုံးထားရှိမည့် စံသတ်မှတ်ချက် စည်းမျဥ်းများ (နယ်လ်ဆင်မန်ဒယ်လား စည်းမျဥ်းများ)

၂၀၀၀ ပြည့်နှစ်ကစ၍ IBJ မှ ဥပဒေဆိုင်ရာ ခုခံချေပရေးရှေ့နေများသည် ရဲလုပ်ငန်းများအား စေ့စပ်တိကျစွာ လုပ်ဆောင်နိုင်ရေး၊ တရားရုံးတွင် စစ်ဆေးစီရင်ခြင်းမပြုလုပ်မီ စွပ်စွဲခံရသူအား ထိန်းသိမ်းချုပ်နှောင်ခြင်း ကိစ္စရပ်များဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းစွာ အကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် မျှတသော တရားခွင့်ဆိုင်ရာစံနှုန်းများကို စနစ်တစ်ခုလုံးလွှမ်းခြုံနိုင်အောင် ချမှတ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော တရားမျှတမှု ရလဒ်များကို ရရှိစေရေးအတွက် ဆောင်ရွက်ကြရာတွင် နိုင်ငံအသီးသီးရှိ တရားစီရင်ရေးကဏ္ဍ မှ အရာရှိများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်း ကျွမ်းကျင်မှုလုပ်ငန်းများ ကိုလေးစားခြင်းနှင့် အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုများကို အလေးထားလျက် IBJ သည် ၎င်း၏ လုပ်ငန်းဆောင်ရွက်ချက်ဖြစ်သော တရားခွင်ဆိုင်ရာအခွင့်အရေးများကို ကာကွယ်ပေးခြင်းနှင့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေသည့် မိတ်ဖက် အစိုးရအဖွဲ့အစည်းများကို ကူညီထောက်ပံ့ခြင်းကို ဆောင်ရွက်သွားရန် ကတိကဝတ်ပြုပါသည်။