View this page in: Español, Français, English, العربية, 中文

COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်သော လုပ်ဆောင်ချက် များအတွက် အကြံပြုထားသည့် လမ်းညွှန်ချက်များ

ဘုံရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိနိုင်ရန်အတွက် အောက်ဖော်ပြပါမူဝါဒများကို ထောက်ခံလိုက်နာရန် နှင့် မျှဝေသွားရန် ကျွန်တော်တို့ အသင့်ရှိနေပြီဖြစ်ပါသည်။ 

ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများကို တုံ့ပြန်လုပ်ဆောင်ရန်အတွက် လူထုအခြေပြု ရဲလုပ်ငန်းများကို ကျင့်သုံးဆောင်ရွက်ခြင်း

  • အပြင်မထွက်ရအမိန့် (သို့မဟုတ်) ညမထွက်ရအမိန့်တို့ကို ချိုးဖောက်သူများအား သတိပေးခြင်း၊ (သို့မဟုတ်) အပြစ်ဖော်ဆုံးမမှုပြုလုပ်ခြင်း၊ လိုအပ်သည်ထက်ပို၍ အင်အားအသုံးပြုခြင်းမှရှောင်ရှား ခြင်း၊ လူထုအပေါ် မေတ္တာ၊ ကရုဏာဖြင့် ဆက်ဆံခြင်း၊နှင့် ထပ်ခါတလဲလဲအပြစ်ကျူးလွန်သူများနှင့် ဒေသအာဏာပိုင်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းကမ်းများကို လိုက်နာ ရန်ပျက်ကွက်သူများကိုသာ နောက်ဆုံးနည်းလမ်းအဖြစ် ဖမ်းဆီးချုပ်နှောင်ခွင့်အာဏာကို သုံးစွဲခြင်း။
  • လူတစ်ဦးချင်းနှင့် လူထုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတကာတွင်ကျင့်သုံး နေသည့် တာဝန်ခံမှု နည်းလမ်းများနှင့်အညီ ပြည်တွင်း၊ ပြည်ပမှ ‌ရွှေ့ပြောင်းသွားလာသူများကို ပံ့ပိုးမှု နှင့် လမ်းညွှန်မှုပေးခြင်း။
  • ထိန်းသိမ်းချုပ်နှောင်ရာနေရာများနှင့် တရားရုံးစနစ်တို့အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမှ ရှောင်ရှား နိုင်ရန်၊ နှင့် ပြည်သူ့ကျန်းမာ‌‌ရေးစောင့်ရှောက်မှုအတွက် အရေးပါသော အရင်းအမြစ်များ လေလွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် သေးငယ်သောအမှုများတွင် ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းများကို ရှောင်ရှားရန် (သို့မဟုတ်) ဆိုင်းငံ့ထားရန်အတွက် ယေဘုယျကျသော မူဝါဒတစ်ရပ်ကို ချမှတ်ခြင်း။

ထိန်းသိမ်းချုပ်နှောင်ရာနေရာများနှင့် အကျဥ်းထောင်များတွင် လူဦးရေများပြားခြင်းကို လျှော့ချခြင်း

  • ရီမန်ကာလချုပ်နှောင်ခြင်းနှင့် အကျဥ်းထောင်များတွင် လူဦးရေလျှော့ချနိုင်ရန်အတွက် အကြမ်းဖက် မှုမပါဝင်/မရှိနိုင်သည့် သေးငယ်သောအမှုများတွင် တရားစွဲဆိုခြင်းခံရသူများကို အာမခံတောင်းခံ ခြင်းမပြုဘဲ လွှတ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း။
  • စစ်ဆေးစီရင်မှုမတိုင်မီ ထိန်းသိမ်းချုပ်နှောင်ခံထားရသော လက်ရှိအမှုများအားလုံးကို ပြန်လည် သုံးသပ်ပြီး ကြီးလေးသောအမှုများမှလွဲ၍ အမှုများအားလုံးအတွက် အာမခံလျှောက်ထားပေးခြင်း၊ နှင့် ရဲစခန်းများတွင် လူစုလူဝေးအသွားအလာနည်းပါးစေရန်အတွက် အာမခံရထားသော စွပ်စွဲခံရသူ များ၏ သတင်းပို့မှုအခြေအနေများကို ပြန်လည်သုံးသပ်ခြင်း။
  • ပထမအကြိမ်ပြစ်မှုကျူးလွန်သူများ၊ ကလေးသူငယ်များနှင့် COVID-19 ရောဂါကူးစက်ခံရနိုင်ချေ များသည့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအပေါ် ထောင်ဒဏ်မဟုတ်သည့် အခြားပြစ်ဒဏ်များ ချမှတ်ရန် စစ်ဆေးစီရင်ခြင်းမတိုင်မီ အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်သည့် လုပ်ငန်းစဥ်များကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်း။
  • အန္တရာယ်ပြုနိုင်ချေနည်းပါးသော ပြစ်ဒဏ်စီရင်ထိုက်သင့်ပြီးဖြစ်သည့် ပြစ်မှုကျူးလွန်သူများကို ဆောလျင်စွာ (သို့မဟုတ်) ခေတ္တလွှတ်ပေးနိုင်သော အစီအစဥ်များကို အကောင်အထည်ဖော်ခြင်း။ အဆိုပါအစီအစဥ်များတွင် ထောင်ကျတရားခံများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းလည်းပါဝင်ရာ အကျဥ်းထောင်အတွင်း ရောဂါကူးစက်မှုများမဖြစ်ပေါ်စေရန် ကျန်းမာရေးမကောင်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကျခံရမည့် ပြစ်ဒဏ်၏ ၅၀ ရာခိုင်နှုန်းကို ကျခံပြီးသူများကို ဦးစားပေးကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း။
  • ထိန်းသိမ်းချုပ်နှောင်ခံရသူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများထံသို့ ကူးစက်ခံရနိုင်ချေကို လျှော့ချရန်အတွက် တာဝန်ရှိသူများအနေဖြင့် ပိုမိုအားကောင်းသော သန့်ရှင်းရေးဆောင်ရွက်ချက် များ၊ လူတစ်ဦးနှင့်တစ်ဦး လုံလောက်သည့်အကွာအဝေးတွင်နေစေခြင်းနှင့် စစ်ဆေးမှုများပြုလုပ် ခြင်း၊ အချုပ်သားအသစ်များနှင့် ဖျားနာသူများကို သီးသန့်ခွဲခြားထားခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။
  • အထက်ဖော်ပြပါမူဝါဒများကို လူငယ်ထိန်းသိမ်းရေးကျောင်းများ၊ (သို့မဟုတ်) လေ့ကျင့်ရေးကျောင်း များ၊ ရွှေ့ပြောင်းနေထိုင်သူတို့ကို ထိန်းသိမ်းထားရှိသည့် နေရာများနှင့် ဒုက္ခသည်စခန်းများတွင်လည်း ကျင့်သုံးဆောင်ရွက်ခြင်း။ [ကုလသမဂ္ဂ၏ ညှင်းပန်းနှိပ်စက်မှုတားဆီးကာကွယ်ရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်နိုင်ငံများသို့ ပေးအပ်ထားသော အကြံပြုချက်]

တရားမျှတမှုကို ကာကွယ်စောင့်ရှောက်သူများအဖြစ် တရားရုံးများအား ဆက်လက်တည်ရှိစေခြင်း

  • အများပြည်သူဘေးကင်းလုံခြုံစေရေးအတွက် အကာအကွယ်ပေးသည့်နည်းတူ တစ်ချိန်တည်း မှာပင် ပြစ်မှုများတွင် သံသယရှိသူများနှင့် စွပ်စွဲခံရသူများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရန်အတွက် တရားရုံးများသို့ လက်လှမ်းမှီနိုင်စေရေးကို ဆောင်ရွက်ရပါမည်။
  • ရီမန်ကြားနာခြင်း၊ အာမခံလျှောက်ထားခြင်း၊ ရှေ့တော်သွင်းစာချွန်တော်လျှောက်ထားမှုအပေါ် ကြားနာခြင်း၊ ပြစ်မှုများတွင် အပြီးသတ်အမိန့်ကြားနာခြင်း အစရှိသည့် အရေးကြီးသော ကြားနာမှုများကို ဆက်လက်ဆောင်ရွက်ခြင်း။ အကျပ်အတည်းကာလအတွင်း အယူခံမှုနှင့် ပြင်ဆင်မှုများအတွက် ကာလစည်းကမ်းသတ်တိုးမြှင့်ခြင်း (သို့မဟုတ်) ဆိုင်းငံ့ပေးခြင်း တို့ ပြုလုပ်သင့်ပါသည်။ မဖြစ်မနေလုပ်ဆောင်ရန်မလိုအပ်သည့်အမှုများတွင်ရုံးချိန်းများချိန်းဆိုခြင်း (သို့မဟုတ်) Teleconferencing နည်းပညာများကိုအသုံးပြု၍ ကြားနာခြင်းများ ပြုလုပ်နိုင်ပါ သည်။ 
  • ရဲအချုပ်များနှင့် ကြားနာစစ်ဆေးမှုမတိုင်မီထိန်းသိမ်းချုပ်နှောင်ထားသည့် နေရာများတွင် လူဦးရေထူထပ်ခြင်းမဖြစ်စေရန် ညမထွက်ရအမိန့်ချိုး‌ဖောက်သူများ (သို့မဟုတ်) သေးငယ်၍ အန္တရာယ်မရှိနိုင်သော ပြစ်မှုကျူးလွန်သူများကို ဒဏ်ငွေချမှတ်ခြင်း (သို့မဟုတ်) သတိပေးဆုံးမ စာထုတ်ခြင်း အစရှိသည့် ထောင်ဒဏ်မဟုတ်သော အရေးယူမှုများကို ကျင့်သုံးခြင်း။
  • နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကြေညာစာတမ်း အပိုဒ် ၁၄ တွင် ပြဌာန်းထားသည့် ရှေ့နေရပိုင်ခွင့်ကို လက်ကိုင်ထားရှိပြီး ရှေ့နေများအား WHO မှ ချမှတ်ထားသော ဘေးအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်ချက်များနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များကို လိုက်နာစေလျက် အသွားအလာတားမြစ်ကန့်သတ်ထားသည့် ကာလများတွင်ပင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ထံ သွားရောက်တွေ့ဆုံခွင့်ပေးခြင်း။
  • လူတစ်ဦးနှင့် တစ်ဦး ထိတွေ့မှုနည်းပါးအောင်ဆောင်ရွက်ခြင်းနှင့်အတူ တရားရုံးလုပ်ငန်းစဥ်များ အထူးသဖြင့် အာမခံကြားနာခြင်းတို့တွင် အဆင်ပြေချောမွေ့စေရန် တရားရုံးလုပ်ငန်းစဥ်များ တွင် Teleconferencing နည်းပညာအား အသုံးပြု၍ လုပ်ဆောင်ခြင်း။